မြဝါ/မြဆင်း/မြကုံး/မြခဲ စသည်များနှင့် သမုဒယ မြရည်
ကိုယ်က သူများအကြောင်း ပုဂ္ဂိုလ်ရေးတွေကို စိတ်ဝင်စားလေ့မရှိအောင် အမူအကျင့်လုပ်ထားမိသလိုပါပဲ။ ဒါပေမဲ့ စာထဲ အာရုံနှစ်တတ်သူဖြစ်လို့ နှုတ်ထွက်စကား ရင်တွင်းလာစကားတွေကျ ရေရေရာရာ သိချင်တယ်။ ဒီသုံးလေးရက် သိချင်နေမိတာက လုလင်တစ်ဦးကို ဂုဏ်တင်အဖွဲ့တွေထဲက ရှေးမြန်မာတွေ သုံးလေ့ရှိတဲ့ #မ ြ ။ ဒီအသုံးမှာ “ မြ” စကားလုံးက သ ေင်္ကတ စကားလုံးလို့သာ ဆိုရမှာပါ။ မြ ရဲ့ အနက်က အဆန်းတကြယ်မှ မရှိတာ။ တိုက်ရိုက်အနက်မှာ မြ ဆိုတာ နာမ်အနက်အရ ကြည်လင်တောက်ပနေတဲ့ အစိမ်းရောင် တွင်းထွက်ကျောက်။ ဝိသေသနအနက်အရ ပါးလှပ် ထိရှလွယ် ထက်သော ဆိုတာမျိုးလို့ နားလည်ထားမိပါတယ်။ ပစ္စည်းအဖြစ် ချိုမြ အေးမြ စသဖြင့် အသုံးလည်းရှိမယ်ပေါ့။ ပုဂံခေတ် မရကန် မြကန် က- စ မြကို စိုပြည်မှု ဂယက်အနက်နဲ့ သုံးခဲ့ကြဟန်ပါ။ ကဗျာအသုံးမှာ လုလင်ဂုဏ်တင်ဖွဲ့ (မောင်ဘွဲ့)အဖြစ် ပုဂံခေတ် ရှေးအကျဆုံးကဗျာသတ်မှတ်တဲ့ အချင်းငယ်ကဗျာမှာ သူ့ချစ်သူမောင်ကို ကျိုင်းစင်မြဝါ လို့ တင်စားမှု စမြင်တွေ့ရပါတယ်။ ဖွံ့ထွားစင်ကြယ်စိုပြေမှု ဂုဏ်ပြစကားလို့ ဆည်းပူးမိပါတယ်။ ကိုယ်က အတွေးနဲ့ငြိမ့်နေတတ်သူဖြစ်လို့ မြ = မရ = အမရ = သေခြင်းကင်းသော ဆီလည်း အာရုံသွားပါတယ်။ သေခြင်းကင်းမှုဆိုတာ နုပျ...