ရွာလယ်ခေါင် “ခုတင်ကြီး”
“ခုတင်” ဆိုတဲ့ အသုံးကို စာကိုးအရတွေ့ရတာ မုံရွေးဆရာတော်ဖွဲ့ဆိုတဲ့ ကုသပျို့မှာ တွေ့ရတယ်။ ဘိုးတော်ဘုရားလက်ထက်လောက်ဖြစ်မယ်။
အခု စူးစမ်းရမဲ့အိုင်ချင်းက ရာပြည့်အိုင်ဆိုတော့ ဟံသာဝတီရောက်မင်းလက်ထက် ၁၁၀၀ ပြည့်နှစ်ဝန်းကျင်။
ရွာလယ်ခေါင် “ခုတင်ကြီး “ ကိစ္စ။
ခုတင် လို့ ခြေလေးချောင်းတပ် အိပ်စင်နဲ့အကောက်အယူပြုရင် ခဲအိုမောင်ကြီး စောင်းထိုင်တီးနေရာ နေရာပြတာပေါ့။
ခု-တင်ကြီး တင် တွေခဲ့တာဆို အခုခဏကလေးအတွင်းတင်တွေ့ခဲ့တာလို့ အချိန်ပြဖြစ်သွားမယ်။
ညောင်ရမ်းခေတ်မှာ “ခုတင်” လို့ မခေါ်ကြသေးပါဘူး လို့ဆွေးနွေးကြတယ်။
အိုင်ချင်းက ၁၁၀၀ ပြည့်ဝန်းကျင်
မုံရွေးဆရာတော်က ၁၁၂၈ ဖွားမြောက်တာဆိုတော့ သိပ်လည်းမကွာဘူး။ “ထိုသည်ရှေ့က၊ ထားလေ့တသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွင့်၊ အမြင့်နှစ်မိုက်” အဘိဓာန်ကောက်စာက ဒီလိုပြတယ်။
ဒီအထောက်အရ ခုတင် ဟာ ညောင်ရမ်းခေတ် အခေါ် ရှိနေနိုင်ပြီ။
ရွှေတလေးရဲ့ ပြောပေါက်လေသံအရ ခု-တင်ကြီးမှာတင် စောင်းတီးနေတာ ငါရို့မြင်ခဲ့တယ်
ဆိုတာလေးကလဲ လှတယ်။
ပရိသတ်တို့ ဆွေးနွေးကြပါဦးဗျ။
ပေကူးမူက “ခတင်ကြီးငယ်” လို့ တွေ့ရပြန်တော့
တွေးစရာပါပဲ။
ဘာပဲဖြစ်ဖြစ် လုံမရင်ထဲမီးလောင်နေတာ နီရိုလုလင် စောင်းတီးမပျက်တာတော့ တရားလွန်တယ်။
Comments
Post a Comment