ဘာဖြစ်လို့ မရေးခိုင်းရဲရမှာလဲလေ (၁၀)
“ တရားအပေါင်းကိုချုပ်သည်ကား သတိ။ စကားအပေါင်းကို ချုပ်သည်ကား ကတိ။ “ ကျည်းကန်ရှင်ကြီး မေတ္တာစာပါ စာသားဖြစ်ပါမယ်။ ကတိမဟုတ်ပေမဲ့ ဆယ်ပုဒ် ရေးပေးမယ်ဆိုတဲ့စကားလေးအတွက် တာဝန်ယူလိုက်ချင်ပါတယ်။ ကိုယ် ဘာတွေပေးလှူလို့ သူ ဘာတွေ တွေးယူသွားနိုင်သလဲ ပြန်စစ်ကြည့်တော့ သဒ္ဒါနဲ့နှိပ်စက်ကလူမပြုဘဲ မိတ်ဖက်အယူပြု ကြဖို့ သဒ္ဒါတွေးမြင် စာရေးချင်အောင် လှုံ့တဲ့ အပိုင်းလေးတွေလည်း ပါသွားပါတယ်။ ရေးချင်စိတ်ဖြစ်လာအောင် သိမ်းသွင်းမှု၊ အတန်းတွင်းသင်ဟန်၊ စကားလုံးစုဆောင်းတတ်ဖို့၊ အတွေး၊ အလေးကဲသင့်တဲ့ စာရေးဟန်၊ ပျင်းရိမှုမဖြစ်စေဘဲ စာတစ်ပိုဒ် ၅ကြောင်း ၆ကြောင်းက စ-လို့ လျော်ညီမဲ့ ဝါကျစီစဥ်မှုအတွေး၊ ပြဋ္ဌာန်းစာအလှ မပစ်ပယ်ဘဲ လက်တွေ့သုံးစွဲနိုင်ဖို့ အားထုတ်တဲ့ အလေ့ စ-တာတွေကို ခပ်ပါးပါးပေးခဲ့တာပါ။ ပြောခဲ့တဲ့ အပိုင်းတွေက ၁။ စကားပရိယာယ်များဖြင့်ဝေါဟာရကြွယ်ဝစေခြင်း။ ၂။ ကြိယာထောက်အသုံးချမှုဖြင့်ချဲ့ထွင်ရေးသားနိုင်စွမ်းကိုအစပျိုးခြင်း။ ၃။ အနက်နှီးနွယ်ကြိယာပုဒ်များဖြင့်ထောက်ကူဝါကျဆင့်ပွားခြင်း။ ၄။ ကျက်မှတ်သည့်ခက်ဆစ်ကိုအသုံးချရေးသားစေခြင်း။ ၅။ စာရေးနည်းလေးမျိုးကိုရှင်းပြခြင်း။ ၆။ ပြဋ္ဌာန်းသင်ခန်းစာများပါစာသားများကို...