Posts

Showing posts from June, 2024
  မကြုံသေးဘူးဆိုပေမဲ့ ကြုံရင် ဘယ်လိုရှင်းမလဲလို့ ကြိုတွေးထားတာ မမှားပါဘူးဗျ။ ဆရာ မောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဖတ်ထားဖူးတာကိုး။ သင်ပေးဆိုတော့လဲ သင်ပေးရမှာပေါ့။ ၂၁ ရာစု ကလေးတွေရဲ့ အတွေးက ထက်တယ်နော်။ လူကြီးပြောသမျှ လက်ခံမယ်တော့ မထင်နဲ့။ ဝိဘဇ္ဇ အညွန့်အညှောက်တွေမို့ ဟောက်တာခြောက်တာနဲ့ အညွန့်တုံးအောင်လဲ စေတနာကြီးတဲ့ ဆရာတွေက လုပ်လေ့မရှိဘူးလေ။ ကိုယ်ပြန်မဖြေတတ်တဲ့ သူတို့အမြင်လေး သူတို့အ‌ေမး‌ေလးတွေ မြည်းကြည့်ဖူးပါသလား။ ယောက်ျားအမှန် ကို ကိုယ်တိုင်ဖတ်ထားဖို့ ခိုင်းခဲ့ပြီး နောက်နေ့ ပြန်ဆွေးနွေးတယ်။ အဲဒီဝတ္ထု ကြိုက်လား မေးတော့ မကြိုက်ပါဘူးတဲ့။ မကြိုက်တာတွေ ပြောပြစမ်းပါဦး။ ဘထွန်းအကြောင်းက စ ပြောပါသမီးဆိုတော့- “သူက ‌ဝတ်လုံတဲ့။ ဝတ်လုံ ဆိုတာ ရှေ့နေ ပညာတတ်ပဲ။ ဒါပေမဲ့ ပညာတတ်တစ်ယောက်ရဲ့ စိတ်မျိုးမရှိဘူး ဘဘ” “ဘယ်လိုမရှိတာလဲ သမီး” “ကိုယ် အခက်အခဲတွေ့ချိန် အကူအညီတောင်းချိန်တောင် မိန်းမ လှလှ တွေ့ရုံနဲ့ ရင်ထဲဘာလိုလို ဖြစ်တတ်သူဆိုတော့ ရိုးသားမှုနည်းတာပေါ့ ဘဘရဲ့။ နောက်ပြီး အိပ်ခါနီးလဲ လင်ယောက်ျားရှိပါတယ်ဆိုတဲ့ မိန်းကလေးဆီ သူ့စိတ်ရောက်နေတာ ဖုံးမရ ဖိမရ ပေါ်လွင်နေတာပဲ။ ဥစ္စာစောင့်ဆို  ကော်တာပဲ  ဆိုတာက ပ...

ဖြစ်စဥ်ပြနှင့် သရုပ်ဖော်တို့၏ ပါးလှပ်နံရံ

Image
  ၁ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးတော့ရေးနေကြတာပါပဲ။ တစ်သက်တာလုံး စိတ်နှစ်ခဲ့သူ ပညာရေးသူတော်စင်များက အတိမ်းအစောင်းတွေ ဖြစ်မှာစိုးလို့ စောင်းပါးရိပ်ခြည် ထောက်ပြကြပါတယ်။ ပညာရင့်သူက ဘယ်သူနဲ့မှ အတိုက်အခံ မလုပ်ချင်ကြတဲ့အကြောင်းကို ပညာသူဖုန်းစားလိုကျွန်တော့်အတွက် ‌ဆရာကြီးတွေကို ချဉ်းကပ်ခဲ့သမျှ တွေ့ခဲ့ရတဲ့ သကာခဲပါပဲ။ ဒါပေမဲ့ — -အချို့သော စာစိစစ်သူများသည် — -။ ၂ “ပတ္တမြားပြဿနာဖြင့် စုံစမ်းခန်းမှ သရုပ်ဖော်အရေးအသားတို့ကို တင်ပြပါ။ “ ဆိုတဲ့ မေးခွန်းမျိုး ပါဝင်ပါတယ်။ ကလေးတွေအတွက် ဖွင့်ဆိုရှင်းပြ၊ ကြောင်းကျိုးပြ၊ ဖြစ်စဥ်ပြ၊ သရုပ်ဖော် စာအရေးအသား လေးမျိုးအကြောင်းကို ရေလည်အောင် သင်ခဲ့ပြီးပါပြီလား ပြန်တွေးစရာပါ။ အခု ဆွေးနွေးချင်တာက ဖြစ်စဥ်ပြ စကားပြေတစ်ပုဒ်မှာ သရုပ်ဖော်အရေးအသားကို အကောက်အယူကိစ္စပါ။ ကလေးများအပေါ် စေတနာတကယ်ရှိရင် အမှတ်သညာပေါ့ဆတတ်တဲ့ သူတို့အတွက် မှတ်စုတစ်ပုဒ်ဖြစ်ပြီးရော မဆောင်ရွက်သင့်ပါ။ ပညာ‌ေရးက တစ်ခေတ်ပြောင်းနေပါပြီ။ မှတ်စုထုတ်ပေးတာထက်  တတ်စု  ချရေးဆွေးနွေးတတ်အောင် သင်ကြရတော့မှာပါ။ အရိုးစွဲနေတဲ့ မှတ်စုခေါ်ပေး ကျက် ပြန်ချရေးပြနဲ့ ကိုယ့်အတွက် သူ့အတွက် တန်ဖိုးကြီးတဲ့ မိနစ်နာရီတ...

လေးစားကြည်ညိုရသော ဆရာတစ်ဦး

လေ့ကျင့်ခန်းအတွက် ပါးနပ်မှုဟာ ပညာပါ။ စာပိုဒ်ဖွဲ့ရေးပါ။ အလင်္ကာ ၂မျိုးစီလောက်ကတော့ ဝါကျရှည် နှစ်ကြောင်း၊ သုံး‌ကြောင်း ရေးရင်း ပြီးသွားမှာပါ။ သူများရေးတာ အလွတ်ကျက်နေပြီး နမူနာယူ ကိုယ်တိုင်မတွေး မရေးသမျှ ကိုယ့်အသက်ရှူခြင်းဟာ သူများ နှာခေါင်းပေါက်နဲ့ပါ။ အခု လေးစားကြည်ညိုရသော ဆရာတစ်ဦး ခေါင်းစဥ်နဲ့ ဒီလေ့ကျင့်ခန်းကို လုပ်ပြမှာပါ။ လေးစားကြည်ညိုရသောဆရာတစ်ဦး မြန်မာစာကို အသည်းနှလုံးလို တန်ဖိုးထားသူ ဆရာမကြီးသည် သူ့အသည်းကျော်ကလေးများနှင့် ကဗျာရွတ်ရင်း စာသင်ရင်း စေတနာလမင်း ဝင်းပခဲ့သည်။ သင်ပုန်းကို “တဗြန်းဗြန်း” ကြိမ်ဖြင့်ရိုက် အတန်းထိမ်းပြီး ပို့ချသင်ပြသံက သုံးဆယ့်တစ်ဘုံတွင် အသာယာဆုံး ဟု ဆိုရတော့မည်။ ပန်းပျိုးလက်ပိုင်ရှင်ကြီး၏ မေတ္တာရေချမ်းကြောင့် ဥယျာဉ်သာကျောင်းတော်ကြီးတွင် ပညာသင်ယူသူ ထောင်သောင်းသိန်းသန်းကုဋေကုဋာ သည် ရောင်စုံပန်းပွင့်များနှယ် “ဖျပ်ခနဲ ဖြောက်ခနဲ” အလိမ္မာပွင့်များ ကိုယ်စီ ပွင့်လာကြရခြင်းဟု ဆိုရပါတော့မည်။ (ဥပမာအလင်္ကာ) ၁။ အသည်းနှလုံးလို မြတ်နိုးတန်ဖိုးထားအပ်မှု (သဓမ္မ) ၊ မြန်မာစာ(ဥပမေယျ )၊ အသည်းနှလုံး (ဥပမာန)၊ လို (ဇောတက)၊ ၂။ ရောင်စုံပန်းပွင့်များနှယ် ပွင့်လန်းပေါ်ပေါက်လာမှု (သဓမ္မ)...

ပေါ်နွေလလျှင်

Image
လှူပြီးသမျှ ပို့စ်တွေပြန်စစ်ပါတယ်။ သင်ရိုးသစ် grade 12 အတွက် ၃၈ ပုဒ် ပြန်ရှာတွေ့တယ်။ ပေါ်နွေလလျှင်နဲ့ ပတ်သက်လို့ ငယ်မူပြန် ခံစားထားတဲ့ တစ်ပုဒ် ဘယ်နားရောက်နေလဲရှာတော့ မနှစ်က ဒီဇင်ဘာ ၅ ရက် မှာရေးတာ။ မာတိကာတွေ့လို့ ညွွန့်ပေါင်းကျမ်းထဲက ပြန်ဖတ် ခံစား ဇွတ် ရေးတာ၊။ တွေ့ပြီ။ အချိန်မကျသေးလို့ မနှစ်ကလို စာသူခိုးတွေ ကူးချ စီးပွားရေးစာအုပ်ထုတ်တာမျိုး စောရတောဝါကို ရှောင်ပြီး Only me ထားမိတယ် ထင်ပါတယ်။ ဖတ်သူ သုံးယောက် မန့် ၂ခု တော့ တွေ့တယ်။ သူခိုးကြောက်ပြီး ဓမ္မာရုံစတိုထဲလှောင်ထားရင် စတုဒိသာတကယ်သုံးသူတွေ မစားရဖြစ်မှာ။ မိတ္တူ ကူးပြီး ပြန်တင်ပေးတယ်။ ပြဋ္ဌာန်းဆိုတာ မတွေ့ရခင်ဆိုတော့ လုံးကောက်ခက်ဆစ်တွေက ပြဋ္ဌာန်းမူနဲ့ မတူရင်လည်း တကယ်သင်ရမဲ့ စာအုပ်ကို အတည်ယူကြဗျာ။ အခုက ရသစာပေခံစားမှုအနေနဲ့ စူးနစ်ထွင်းဖောက် ဖတ်ချိန်ရမှ ဖတ်။ မဖတ်လို့လည်း စိတ်မဆိုးဘူး။ ကဗျာဆိုသည်မှာ ခံစားမှုကိုဇက်ကြိုးလွှတ်ပေးလိုက်ခြင်းမဟုတ်။ ကဗျာဆိုသည်မှာ ပုဂ္ဂလိကအတ္တကို ဖွင့်ထုတ်ပြခြင်းမဟုတ်။ ကဗျာကား ပုဂ္ဂလိကအတ္တမှ လွတ်မြောက်ခြင်း ဖြစ်၏။ ကဗျာဆရာကြီး အဲလိယက်ရဲ့ အဆိုအမိန့်အဖြစ် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အမြင့်သို့ အာရုံညွန့်တက်ခြင်း စာအုပ...