လေးစားကြည်ညိုရသော ဆရာတစ်ဦး

လေ့ကျင့်ခန်းအတွက် ပါးနပ်မှုဟာ ပညာပါ။ စာပိုဒ်ဖွဲ့ရေးပါ။ အလင်္ကာ ၂မျိုးစီလောက်ကတော့ ဝါကျရှည် နှစ်ကြောင်း၊ သုံး‌ကြောင်း ရေးရင်း ပြီးသွားမှာပါ။

သူများရေးတာ အလွတ်ကျက်နေပြီး နမူနာယူ ကိုယ်တိုင်မတွေး မရေးသမျှ ကိုယ့်အသက်ရှူခြင်းဟာ သူများ နှာခေါင်းပေါက်နဲ့ပါ။

အခု လေးစားကြည်ညိုရသော ဆရာတစ်ဦး ခေါင်းစဥ်နဲ့ ဒီလေ့ကျင့်ခန်းကို လုပ်ပြမှာပါ။

လေးစားကြည်ညိုရသောဆရာတစ်ဦး

မြန်မာစာကို အသည်းနှလုံးလို တန်ဖိုးထားသူ ဆရာမကြီးသည် သူ့အသည်းကျော်ကလေးများနှင့် ကဗျာရွတ်ရင်း စာသင်ရင်း စေတနာလမင်း ဝင်းပခဲ့သည်။ သင်ပုန်းကို “တဗြန်းဗြန်း” ကြိမ်ဖြင့်ရိုက် အတန်းထိမ်းပြီး ပို့ချသင်ပြသံက သုံးဆယ့်တစ်ဘုံတွင် အသာယာဆုံး ဟု ဆိုရတော့မည်။

ပန်းပျိုးလက်ပိုင်ရှင်ကြီး၏ မေတ္တာရေချမ်းကြောင့် ဥယျာဉ်သာကျောင်းတော်ကြီးတွင် ပညာသင်ယူသူ ထောင်သောင်းသိန်းသန်းကုဋေကုဋာ သည် ရောင်စုံပန်းပွင့်များနှယ် “ဖျပ်ခနဲ ဖြောက်ခနဲ” အလိမ္မာပွင့်များ ကိုယ်စီ ပွင့်လာကြရခြင်းဟု ဆိုရပါတော့မည်။

(ဥပမာအလင်္ကာ)

၁။ အသည်းနှလုံးလို

မြတ်နိုးတန်ဖိုးထားအပ်မှု (သဓမ္မ) ၊ မြန်မာစာ(ဥပမေယျ )၊ အသည်းနှလုံး (ဥပမာန)၊ လို (ဇောတက)၊

၂။ ရောင်စုံပန်းပွင့်များနှယ်

ပွင့်လန်းပေါ်ပေါက်လာမှု (သဓမ္မ)

ထူးချွန်မှုကိုယ်စီဖြင့် ကျောင်းသား/သူများ (ဥပမေယျ)၊ ရောင်စုံပန်းပွင့်များ(ဥပမာန)၊ နှယ်(ဇောတက)

(အတိသယဝုတ္တိအလင်္ကာ)

၁။ ၃၁ဘုံတွင်အသာယာဆုံး (အလွန်အကြူး )

ဆရာမကြီး၏ အတန်းထိမ်းစာပေပို့ချသံကို သာမန်မဆို

တက်ကြွရွှင်လန်းသံဖြင့် စာသင်သည်လို့ တိုက်ရိုက်မဆိုတာက ဝင်္ကဝုတ္တိသဘော။

၂။ထောင်သောင်းသိန်းသန်းကုဋေကုဋာ (လွန်ကြူးဖွဲ့)

အောင်မြင်ထွန်းတောက်သွားသူ များသည်ကို သာမန်မဆို။

အောင်မြင်ထွန်းတောက်သွားသူ များသည်လို့ တိုက်ရိုက်မဆိုတာက ဝင်္ကဝုတ္တိသဘော။

(ရူပကအလင်္ကာ)

၁။စေတနာလမင်း

စေတနာ(ဥပမေယျ )၊ လမင်း(ဥပမာန)

အေးမြစွာထွန်းလင်းဝင်းပလမ်းပြပေးနိုင် (သဓမ္မ)။ ထပ်တူပူးကပ်ဖွဲ့(ရူပက)။

၂။ မေတ္တာ ရေချမ်း

မေတ္တာ (ဥပမေယျ )၊ ရေချမ်း (ဥပမာန)

အေးြမ ငြိမ်းချမ်းခြင်းဖြင့် ဆန္ဒပြည့် နှစ်သက်ကျေနပ်စေနိုင် (သဓမ္မ)။ ထပ်တူပူးကပ်ဖွဲ့(ရူပက)။

၃။ ဥယျာဥ်သာကျောင်းတော်ကြီး

အထကကျောင်းတော်(ဥပမေယျ)၊ သာယာသောဥယျာဥ် (ဥပမာန)၊ ဖူးပွင့်ဝေဆာြဖစ်ထွန်းအောင်မြင်နေမှု (သဓမ္မ)၊ ထပ်တူပူးကပ်ဖွဲ့(ရူပက)။

(ဝင်္ကဝုတ္တိအလင်္ကာ)

၁။ တပည့်ကျောင်းသူကျောင်းသားများ (တိုက်ရိုက်သဘော)၊ အသည်းကျော်ကလေးများ (သွယ်ဝိုက်သဘော)

၂။ မြန်မာစာဆရာမကြီး (တိုက်ရိုက်သဘော)

ပန်းပျိုးလက်ပိုင်ရှင်ကြီး (သွယ်ဝိုက်သဘော)

၃။ ပညာအသိဖြင့် ကျိုးပြစ်ခွဲတတ်လာ (တိုက်ရိုက်သဘော)

အလိမ္မာပွင့်များ ပွင့်လာ (သွယ်ဝိုက်သဘော)

(မြည်သံစွဲအလင်္ကာ)

၁။ တဗြန်းဗြန်း

သင်ပုန်းကို ကြိမ်ဖြင့်ရိုက်ခတ်‌ေသာအသံ

၂။ ဖျပ်ခနဲ ဖြောက်ခနဲ

ပန်းငုံ ပန်းဖူးတို့ လှုပ်ရှားဖူးပွင့်‌ေသာအသံ

စေတနာအာသီသဂါရဝဖြင့်

ကံ့ကော်ကောင်းကင်မြန်မာစာ

၁၇၀၆၂၂

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်