သိင်္ဃသူ့သမီးကျောက်စာ ယနေ့ခေတ် စကားအသုံးနဲ့ ပုဂံခေတ် စကားအသုံး
ကလေးရေ
အရေးအသားရှုထောင့်က ပုဂံခေတ်နှောင်း မြန်မာစာရဲ့-
အသုံးအနှုန်းဝေါဟာရ
ရေးသားတဲ့ဝါကျ
ပုဒ်ထားသိုဟန်ဆန်းစစ်ပါ
သုံးတဲ့အလင်္ကာ
ဝါကျစာပိုဒ်ချိတ်ဆက်ကြည့်
ရသကိုသိ ဂုဏ်ကိုသိ။
ဆိုတဲ့ အပိုင်းမှာ ဒါက ဝေါဟာရအသုံးအနှုန်း လေ့လာမှုပေါ့။ ဒီလို မေးမယ်ဆိုရင် ဒီအပိုင်းက မင်းကို ဝါသနာသစ် သင်ပေးတာ။ စကားကြီး စကားကျယ်ပြောရရင် စာသုတေသီတစ်ယောက်ဖြစ်ဖို့ လမ်းခင်းပေးတာ။ တစ်ထောင်မှာ တစ်သောင်းမှာ တစ်ယောက်များ ပေါ်လေမလားလို့ မြန်မာစာ မြန်မာစကားအတွက် သုတေသီလောင်းကို ကံစမ်းကြည့်တာပေါ့။
မင်းလုပ်ရမှာ မင်းတွေးရမှာက လွန်ခဲ့တဲ့ နှစ်၇၀၀ကျော် ၈၀၀ဝန်းကျင်က ဘိုးဘွားတွေပြောတဲ့ မြန်မာစကားအသုံးအနှုန်းဟာ ဒီခေတ်အခု ကိုယ်ပြောနေတဲ့စကားလုံးတွေနဲ့ အဓိပ္ပာယ် တူဆင်ပေမဲ့ စကားလုံးက ဘယ်လိုပြောင်းသွားသလဲ။ ဒါကို သိချင် လေ့လာချင်စိတ်ရှိရမယ်။
စကားလုံးတွေမှာ အနက်တွေရှိတယ်။ အခုကိစ္စက ခက်ဆစ်ကြည့်ပြီး အဖြေလွှာဖြစ်ရုံ ရေးလည်း မင်းအတန်းတော့အောင်မှာပါ။ ဒါပေမဲ့ စူးစမ်းတွေးဆ လူငယ်ဘဝ ဝါသနာအညွန့်တုံး သွားမှာပေါ့။ မင်းတို့ သင်ယူလို့ရအောင် မူလ လေးထောင့်အက္ခရာ ခရာထောင့်နဲ့လှပတဲ့ ကျောက်စာကို ယနေ့ခေတ်ပုံနှိပ်စာနဲ့ ပြောင်းပုံနှိပ်ပြီး သင်ပေးတာဆိုတော့ ပုဂံခေတ်စကား စစ်စစ်မှန်မှန်နဲ့ ဌာန်ကရိုဏ်းကိုတော့ မမှန်းဆနိုင်ဘူးပေါ့။
ဗဟုသုတရအောင် သင်ပုန်းမှာရေး ပြတာကိုကြည့်။
ဆိုဝ်ငြယ်
အသံထုတ်ရ ခက်နေလား။ အသံလေးကိုပြောင်းတဲ့ ဝစ္စပေါက်မသုံးသေးတဲ့ ကာလ။ “ဝ်” ကို ဝစ္စ လုပ်ကြည့်တော့ ဆိုး။ ငြယ်ကို ရရစ်သည် ရကောက်ဖြစ်လို့ ဖြေချတော့ ငရယ်
ဆိုးငရဲ
သိယ်သဆိုဝ်ငြယ် = သိ(ယ်)သဆိုးငရဲ= သေသောဆင်းရဲပေါ့။
ဆင်းရဲ ဆိုတော့ ယနေ့စကားဟာ ပုဂံခေတ်က “ဆိုးလိုက်တဲ့ငရဲ”လို့ ဒုက္ခခံစားရပုံကို ပြောတဲ့ အသုံးအနှုန်းပေါ့။ ဘယ်လောက်ပြည့်စုံလဲနော်။ အခု ဆင်းရဲတယ်ဆိုတာရဲ့ စကားမှန်က ဆိုးငရဲ (ငရဲလိုဆိုး)တယ်ပေါ့။
အခု မင်းတို့က အဲဒီလောက် ရှာဖွေပေးဖို့တောင်မလိုပါဘူး။ ပုံနှိပ်စာပြုပြင်လေ့လာတာမို့ လွယ်လွယ်လေးရယ်။
ပုဂံ လေးထောင့်ကန်ရပ် အာမနာကျောင်း၌ စိုက်ထူထားသော ဤကျောက်စာကို အဖတ်အရွတ်သင်ခန်းစာအဖြစ် လေ့လာခွင့်ရကြောင်း။ အလှူမှတ်တမ်းကျောက်စာမှာ ရသခံစား သုတပွားခွင့်ရကြောင်းလေး နိဒါန်းချီလိုက်ကွာ။
ပုဂံခေတ် အသုံးတွေရှာ။
၁။ အလှူပြုရက်စွဲက ပိသျှက်နှစ် ဆိုတဲ့အသုံး။ နက္ခတ်တာရာများနှင့်ဆိုင်သော နက္ခတ်နှစ် ဖြစ်တာ။ ၁၂လ ရာသီစက်ဝန်း နက္ခတ်နှစ်အမည်များကို ပုဂံခေတ်က မှတ်သားသုံးစွဲခဲ့။ ယနေ့ခေတ်တွင် ထိုမှတ်သားမှု တိမ်ကောပပျောက်သွားကြောင်း။
၂။ မြန်မာ့လ အမည်အဖြစ် ယနေ့သုံး ဝါခေါင်လကို ပုဂံခေတ်က နံကာလ ဟု ခေါ်ဝေါ်ခဲ့သည်ကို မှတ်သားရ။ (ဆရာ ဆရာမတွေဆို အချိန်ရ ရှင်းပြဖို့ ဝေါဟာရလိနတ္ထဒီပနီမှာ နံကာ ဆိုတာ နိက္ခမနိယ ဆိုတဲ့ပါဠိက လာတယ်လို့ ကြံဆောင်ပြထားပုံ။ အဓိပ္ပာယ်က နေဟာ အတွင်းခရီးမှ အပြင်ခရီးသို့ထွက်တာကို ဆိုလိုကြောင်း။ အခြားကြံဆချက်တွေ နံ ဆိုတာ တိဘက်စကားမှာ နံနက်။ အချိန်ကာလ လို့ ယူကြတယ်။ ကာကို ကြံဆတော့ လယ်ယာလုပ်ခွင်တဲ့။ လယ်လုပ်ချိန် လယ်ထွန်ချိန်ကာလ လို့ နံကာရဲ့ အနက်ကြံဆချက်တွေ သိထားရင် အာလာပသလ္လာပ လုပ်လို့ရတယ်
၃။ ယနေ့ခေတ်သုံး “အကျင့်ကောင်းပြီး သီလ စင်ကြယ်တယ်” ဆိုတာမျိုးကို ပုဂံခေတ်တွင် သတင်းစင် ဟု အသံထုတ်ပုံအတိုင်း ကျစ်လျစ်စွာ သုံးစွဲကြောင်း မှတ်သားရ။ (ဒီ သတင်းက ဂုဏ်သတင်း ကို ပြောတာမဟုတ်ဘူး၊ ဥပုသ် သီတင်းက သီတင်း ဆိုတာ သှဒင်း လို့အသံထွက်တယ်။ အကျင့်သီလလို့ နာမ်အနက်ထွက်တယ်။)
၄။ ယနေ့ခေတ် ခပ်သိမ်း/အားလုံး ဆိုတဲ့ စကားမျိုးကို ပုဂံခေတ်က ခပင်း လို့သုံးစွဲကြောင်း လေ့လာမိတယ်ပေါ့ဟာ။
၅။ အကျွန်ုပ်တို့ ဟု ယနေ့အပြည့်အစုံသုံး စကားလုံးကို အလှူရှင်က အတို့ ဟု အနှစ်ချုပ်သုံးလိုက်သည့် ယဥ်ကျေးပျူငှာ စည်းလုံးသော စကားလုံးကိုလည်း သတိပြုမိကြောင်းလည်းထည့်။
၆။ ထောက်ကူမှုပြုပေးဖို့ ပံ့ပိုးဝိုင်းဝန်းဖို့ ယနေ့ခေတ် စကားလုံးကို ထောက်ပင့်စေ ဟု လှပကျစ်လျစ်စွာ သုံးပါကြောင်းပေါ့။
၇။ မုန်းတီးရန်ညှိုးထားမလိုလားသောဒေါသစိတ်ကို ပုဂံခေတ်တွင် အမျက်အဤ ဟုသုံးစွဲပါကြောင်း။
၈။ လက်ငင်းမျက်မှောက်ခံစားရသောအကျိုးရလဒ်ကို အရအမိ ဆိုသည့် ပုဂံခေတ်နှောင်းသုံး စကားလုံးကလေးက နှစ်သက်ဖွယ်ဖြစ်ရကြောင်း လုပ်လေ။
၉။ လူ့စာရိတ္တနှင့် ဆိုင်သော မဖြောင့်မမှန်ထိမ်ချန် ပေါ့ပေါ့ဆဆ မတည်မကြည် မုသားစကားဆိုမှု ယေန့ေခတ်အသံုးကို ပုဂံခေတ်က ပြက် (ပ္လက်) ဟု သုံးပုံကိုလည်း အလှူရှင်ရဲ့ ဆုတောင်းမှာတွေ့မိကြောင်းလေး တို့ထိ။ ယနေ့ခေတ်တွင်တော့
ပြက်လုံး ပြက်ရယ် ပြက်တီးပြက်ချော်ဟူသောစကားများ ကျန်ရှိပေမဲ့ ပြက်ဟု ကြိယာတစ်လုံးတည်းသုံးခြင်းက လူပြက် ပြက်လုံးတွင်သာ ရှိတော့တယ်လို့ ယူဆမိကြောင်း ဝေဖန်ပြ။
၁၀။ ပုဂံခေတ်သုံး ရှေးစကားအဖြစ် ကင်္ကာ ဆိုတဲ့ ဝေါဟာရ။ ယနေ့လူနေမှုတွင် မပြောကြတော့၊ ပစ္စုပ္ပန်/မျက်မှောက်အချိန်ဟု/မျက်စိရှေ့မှောက် ဟုသာ ယနေ့ သုံးတော့ကြောင်း
မှတ်သားလေ့လာတွေးဆမိပေါ့ ဟယ်။
ဆိုဝ်ငြယ် လိုဟာမျိုး ထည့်မှတ်ချင်ရင်တော့ အဖြေမှာ စကားခံပေး။ အတွေ့အကြုံသုတရှိသူ ဆရာက မူရင်းကျောက်စာကူး စာရွက်ပါ အက္ခရာပုံကို ပုံပြ သင်ေပးမှုကြောင့် ဆိုတာလေးပေါ့။ ယနေ့ ဆင်းရဲ ပုဂံခေတ် ဆိုးငရဲ ပေါ့။ ဒါကလည်း မင်း သိပ်ဆန္ဒရှိမှပါ။
သိင်္ဃသူ့သမီးဟာ ရှင်ဘားဖြစ်ဖြစ် လက်လုပ်နှော ဖြစ်ဖြစ် ကျွန်တော်လုံးဝ စိတ်မဝင်စားပါ။
စာမိတ်ဆက်က “ကျောက်စာ ရေးထိုးသူအမည်ကို မသိရ” ဆိုတာကိုပဲ အခိုင်အမာယူပါတယ်။
ဆရာဂန့်တို့ ကျင်လည်တာက-
ကြောက်စရာ အဖြစ်သနစ်၊
နှိပ်စက်ရစ်တဲ့ ခန္ဓာ၊
သံသရာအမှောင်ဘဝလမ်းမှာ၊
နွံဆက်မနစ်ရစေရန်
အခါခါတွေးပြီး
သက္ကရာဇ် ခြောက်ရာနှစ်ဆယ့်ရှစ်၊
ပိသျှက်နှစ် နံကာ
ဝါခေါင်လဆန်း
ခုနစ်ရက်နေ့
ကြာသပတေး တွင် — — — — — —
အဲ့လို။ အဲ့လို။ နဘေထပ်ဂုဏ်ကို နားထောင်နေတဲ့သူ မျက်စိလည်အောင် လျှောက်လုပ်တာမျိုးက ဆရာဂန့်တို့ ကျင်လည်တဲ့ဝါသနာဗျ။
ပျက်/ပြက် ကိစ္စ မီးစင်ကြည့်ကရမှာပါပဲ
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
၀၆၀၅၂၂
Comments
Post a Comment