မလုပ်မစားက တစ်ပဲ/ ရေသည်က တစ်ပဲ ဘာကွာသလဲ

 အဲဒီမှာ ငါးကောင်ဒေနဲ့ စာနဲ့ စတွေ့တာပဲ။ ပြန်ဖတ်ပါဦး။ ဘယ်လို။ “တစ်ပဲတန်လုပ်ပြီး ငါးပြားတန်မစားရန်၊ တစ်မူးတန်လုပ်ပြီးမှ တစ်ပဲတန်စားရန်” ဟား ဟား။ နားလည်သလိုလိုနဲ့ မကျော်နဲ့။ ငွေ ကွ -ငွေ။ အခုလို စက္ကူပေါ်အရုပ်ရေး တန်ဖိုးပုံနှိပ်ထားတဲ့ ဖလှယ်ရေးကိရိယာမဟုတ်ဘူး။ ငွေ။ ငွေကို တကယ်သုံးခဲ့စဥ် တန်ဖိုးသတ်မှတ်ပုံ။ ပထမဆုံး ချိန်တွယ်စနစ်ကို ဗဟုသုတ ရဖို့ ပြောမယ်။ မုန်ညင်း ၇ လုံး = နှမ်း ၁ လုံး နှမ်း ၄ လုံး = ဆန် ၁လုံး ဆန် ၄ လုံး = ရွေး ၁ လုံး ရွေး ၄ ရွေး = ၁ ပဲ ၂ ပဲ = ၁ မူး ၂ မူး = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = တစ်ကျပ် မုန်ညင်းစေ့ ခုနစ်စေ့ရဲ့ အလေးချိန်ဟာ နှမ်းတစ်စေ့ရဲ့ အလေးချိန်။ နှမ်း လေးစေ့ရဲ့ အလေးချိန်ဟာ ဆန် တစ်စေ့ရဲ့ အလေးချိန်။ ဆန်လေးစေ့ရဲ့ အလေးချိန်ဟာ ရွေးစေ့ကြီး တစ်စေ့ရဲ့ အလေးချိန်။ ရွေးစေ့ကြီး လေးစေ့ ဆို တစ်ပဲ လို့ ခေါ်ပေတော့။ ပဲ ပြီးရင် မူး မတ် ငါးမူး ကျပ် နဲ့ ဆက်သွားမယ်။ ဟို ရေသည်ပြဇာတ်မှာ ငွေလေးရွေးက ပဲဝက် ဖြစ်ပုံက ရွေးစေ့ငယ် ၈ရွေး ကို ၁ ပဲ မို့။ ဘာစေ့ကြီးနဲ့ ဘာစေ့ငယ် (အမယ်လေး နားယားလိုက်တာ)

ငွေကို ကျပ်အထိ ဖွဲ့သွားမှာက- အဲဒီ ရွေး က စ မယ်။ နွယ်ပင်တစ်မျိုးကရတဲ့ အနီရောင်မှာ အနက်ကွက်ကလေးပုံစံ သစ်စေ့ကလေး။

ပဒေသရာဇ်ခေတ် ၂ရွေးငယ် = ၁ ရွေးကြီး ၄ ရွေးကြီး = ၁ပဲ (၈ရွေးငယ်) ၂ ပဲ = ၁ မူး ၂ မူး = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = တစ်ကျပ်သား ၅ ကျပ်သား = ၁ ပိုလ် ၂၀ ပိုလ် = ၁ ပိဿာ ၁၀၀ ကျပ်သား = ၁ပိဿာ ၁၀၀၀၀ကျပ်သား = ပိဿာ ၁၀၀

အင်္ဂလိပ်ခေတ် ၆၄ ပြား = ၁ ကျပ် ၃၂ ပြား = ၁ ငါးမူး ၁၆ ပြား = ၁ မတ် ၈ ပြား = ၁ မူး ၄ပြား = ၁ ပဲ အခု ဆရာကြီးပီမိုနင်းပြောတာက တစ်ပဲတန် လုပ်ပြီး ငါးပြားတန် မစားနဲ့ ဆိုတာ လေးပြားဖိုးလုပ်ပြီး ငါးပြားတန် စားချင်တာကို ပြောတာ။ တစ်မူးတန်လုပ်ပြီးမှ တစ်ပဲတန်စား ဆိုတာက ၈ ပြားဖိုးလုပ်ပြီးမှ ‌လေးပြားတန်စားသင့် တယ်။ ဒီလိုပြောတာ။ ရေသည်က တစ်ပဲက ရွေးစေ့ငယ် ၈ ရွေး။ မလုပ်မစားက တစ်ပဲက လေးပြား ပြောတာ။ မောတာဟယ် သင်ရိုးရယ်

ကံ့ကော်ကောင်းကင် မြန်မာစာ

၁၁၀၄၂၃

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်