ရပ်သံသရ
မြန်မာဗျည်းတွေထဲက သရ တာဝန်ထမ်းခွင့်ပြုထားတဲ့ မြန်မာအသတ်ဆယ်ပါး သိပြီးသားပါနော်။ အဲဒီ ဆယ်လုံးဟာ ပထမဗျည်း ၅ လုံးနဲ့ နောက်ဆုံးဗျည်း ၄ လုံးပေါ့။ ည ကို အစဉ်အလာသုံး ဉ ကလေးပွားယူတော့ ဆယ်လုံးဖြစ်ရော။ ပထမဗျည်း ၅ လုံး ( က၊ စ၊ တ၊ပ၊ယ) ထဲမှ ယ ပက်လက်အသတ် “အယ်” က သရသံရိုးရိုး ခုနစ်သံမှာပါလို့ ဖယ်ထုတ်လိုက်။ ကျန်တာ “ကျောင်းစာတွက်ပါ” က၊စ၊တ၊ပ။ သူ့ချည်းဆို သံလျော့ဗျည်းပေါ့။ အသတ်တင်ပြီး သရတာဝန်ပေးကြည့်။ မပေးခင် အသတ်တစ်လုံး သရတာဝန်ယူဖို့ အခြေခံဘယ်သရနဲ့ ပူးတွဲတာဝန်ထမ်းသလဲ သိထား။
ကသတ်~ + အ၊ အော၊ အို။ နဲ့ တွဲဖို့သာရှိတော့ “အက်” “အောက်” “အိုက်” ပဲပေါ့။
စသတ် ~+ အ နဲ့ပဲတွဲဖို့ရှိတော့ “အစ်”
တသတ်~+ အ၊ အိ၊ အု ၊အွ။ နဲ့ပဲတွဲဖို့ရှိတော့ “အတ်” “အိတ်” “အုပ်” “အွတ်” ပဲပေါ့။ ပသတ်~ + အ၊ အိ၊ အု၊ အွ နဲ့တွဲတာတော့ဟုတ်တယ်။ အပ်၊ အိပ်၊ အုပ်၊ အွပ် များသည် တဝမ်းပူသတ် အတ် အိတ် အုတ် အွတ် နဲ့ အသံတူပြီးမို့ ဖယ်ထုတ်လိုက်။ “အက်အောက်အိုက်အစ်အတ်အိတ်အုတ်အွတ်” ရှစ်လုံးပဲကျန်တယ်။ အဲဒါလေ “လက်ကောက်” “တိုက်သစ်” “အိတ်သွတ်” “ခတ်ထုတ်”။ နှာသံသရ — — — — — ဒါလည်း အသတ်နဲ့ ဆက်စပ်ကြည့်ပါ။ နောက်ဆုံးဗျည်း ၄လုံး (ငညနမ) ငါ့ညီနှမ ဟာ နှာသံပါ။ ည ကလေးသတ် (ဉ်) ဟာ ငသတ် (င်) နဲ့ အသံတူမို့ (ဉ်)ကို ဖယ်ထုတ်လိုက်ပါ။ နငယ်သတ်(န်) နဲ့ မသတ်(မ်) ဟာ အသံတူမို့ မသတ်(မ်) ဖယ်ထုတ်လိုက်ပါ။ ငသတ်~+ အ၊အော၊အို ဖြစ်လို့ “အင်” “အောင်” “အိုင်” ပါ။
ညသတ်~+ အ တစ်လုံးတည်းပေါင်းစပ်လို့ “အည်” ဆိုတာ (အီ)ပဲမို့ သရရိုးမှာ ပါ ထားပြီးပါပြီ။ ဖယ်ထုတ်ပါ။ နသတ်~+ အ၊အိ၊အု၊အွ ဖြစ်လို့ “အန်”၊ “အိန်”၊ “အုန်”၊ “အွန်” ကို ယူပါ။ “အင်အောင်အိုင်အန်အိန်အုန်အွန်” ခုနစ်လုံး ပေါ်လာပါပြီ ဒါပဲလေ
“နင်အောင်ချိန်တန်မိုင်ကုန်သွန်”
ကံ့ကော်ကောင်းကင် မြန်မာစာ
၁၀၀၈၂၄
Comments
Post a Comment