တစ်ပါဒချင်း သင်ကြည့်ပါလား
အစောလေ အန်ချင်းကဗျာရဲ့ ပါဝင်မြဲဖြစ်တဲ့ အာလုပ်စကားပါ။ မှတ်မလို့လား အချီအချကို။ (က) ယောက်ျားပညာရှိတွေ စပ်ဆိုတာ (ပုလ္လိင် အနက်သက်ဝင်) တာကို အချီ — မင်းချင်းလေ/မင်းချင်းတို့လေ အချ — သူကောင်းဖော်ရွေမင်းချင်းတို့။ (ခ) မိန်းမပညာရှိတွေ စပ်ဆိုတာ (ဣတ္ထိလိင် အနက်သက်ဝင်) တာကို အချီ — အစောလေ/ အစောတို့လေ အချ — သူငယ်ချင်းကောင်းယောက်မတို့။ (ဂ) ယောက်ျားမိန်းမ (နပုလ္လိင် အနက်သက်ဝင်) တာကို အချီ — ဖော်ချင်းလေ/ ဖော်ချင်းတို့လေ အချ — ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ဖော်ချင်းဆွေလေ ဖော်ချင်းတို့။ ဒီကဗျာက တိတ်တခိုးရွတ်မဲ့ မျက်ရည်စက်စကားလုံးတွေမို့ ကိုယ်ရေးကိုယ်တာ။ ဣတ္ထိလိင်အနက်နဲ့ ချီပြီး နပုလ္လိင်အနက်နဲ့ ချ ထားတာဖြစ်မှာပေါ့။ မပန်ရလည်းမပန်ချင် ပန်တယ် ဆိုတာ ဆင်ယင်တာ။ ဦးခေါင်းလို နားလို အများတွေ့မြင်ရာမှာ ဂုဏ်ယူဝံ့ကြွား တန်ဖိုးထားဆင်ယင်တာကို ပန် တယ်လို့ ခေါ်တယ်။ တခြားအနက်ဘက်က ကြည့်ရင်လည်း ဆက်စပ်အနက်ရှိနေတာပဲ။ ပန် ဆိုတာ တောင်းဆိုတာ။ ခွင့်ပန်။ ပန်ကြား။ တောင်းပန် ကြားဖူးရင် ဆက်စပ်တွေး။ “မပန်ရ” ဆိုတာကို လေသံပြင်းရွတ်။ အမိန့်သံ။ မပန်ရဘူးဆိုရင်လဲလေ ဖွဖွရွတ်။ အားမဲ့သံ ရှိုက်သံ။ မပန်ချင်ပါဘူး တ...